Sunday, August 11, 2013

G510-0010,Y300,C8813 Easy Root Tool Kit


ဒီ Tool လေးကတော့ G510,Y300,C8813 တို့ကို ၃မိနစ်အတွင်း Root လုပ်နိုင်မှာပါ…
လိုအပ်ချက်ကတော့ Bootloader Unlock အနေအထားမှာဖြစ်နေရပါမယ်…..
USB Debugging နဲ့ Unknown Sources ကိုအမှန်ခြစ်ထားရပါမယ်…….
ဒီ Tool ရဲ့အားသာချက်ကတော့ မိမိဖုန်းဟာ တစ်ခါထဲ Root Access ရသွားမယ်….
တရုတ်ဖောင့်တွေကိုမပြတ်ပဲမြန်မာစာကိုအသုံးပြုနိုင်မယ်.
Frozen KeyBoard ကို System App တစ်ခုလိုအသုံးပြုရပါမယ်…
ဒါလေးကိုအရင်ဒေါင်းလိုက်ပါ..
Download Here
ပြီးသွားရင်တော့ဖုန်းကိုပါဝါပိတ်လိုက်ပါ..
Battery ဖြုတ်လိုက်ပါ..
ပြန်တက်ပြီး Volume Down + Power ကိုဖိနှိပ်ထားပါ….
Logo မှာရပ်သွားပါလိမ့်မယ်..
Screenshot - 3_14_2013 , 3_39_40 PM
ပြီးသွားရင်တော့ Unlock မလုပ်ကသေးတဲ့သူက Unlock ကိုနှိပ်ပြီး Code ၁၆လုံးရိုက်လိုက်ပါ….
Unlock လုပ်ပြီးသားလူကတော့ Ready To Root ကိုနှိပ်ပြီး
ဖုန်းနဲ့ကြိုးထိုးလိုက်ပါ….
Enter တစ်ချက်ခေါက်လိုက်ပါ…..
သူဟာသူအလုပ်တွေလုပ်နေပါလိမ့်မယ်….
ဖုန်းဟာ Recovery Mode ကိုပြန်တက်သွားလိမ့်မယ်…..
Enter တစ်ချက်ခေါက်လိုက်ပါ…
Reboot ချသွားမယ်…ပြန်တက်လာရင်ကြည့်လိုက်ပါ…
ညွန်းထားတဲ့အတိုင်းတွေရပါလိမ့်မယ်….
အဆင်ပြေပါစေ..

Android ဖုန်းမှ မေ့နေတဲ့ Pattern လော့ခ်ဖြုတ်နည်း



Android ဖုန်းတွေအသုံးပြုရင်း Pattern lock ချပြီးမေ့တတ်ကြပါတယ်..ကိုယ်ဟာကိုယ် pattern ပေးပြီးကိုယ့်
ဟာကိုယ်မေ့ပါတယ်….ကျွန်တော်လဲပါပါတယ်……
အခုအဲ့ကိစ္စလေးအဆင်ပြေအောင်လုပ်တဲ့နည်းလေးတွေပြပေးပါမယ်……

အခုနှစ်နည်းသုံးနည်းလောက်ပြောပြပေးပါမယ်။တခုရှိတာကအဲလို့ Pattern lock မေ့သွားပြီဆိုရင် တခါနှစ်ခါလောက်ကြိုးစားကြည့်ပါမရရင်ထပ်မဆွဲပါနဲ့တော့အခြေအနေပိုဆိုးပြီး FactoryResetပါချရတတ်ပါတယ်…..

အရင်ဆုံးဘယ်နည်းနဲ့လုပ်ရင်ကောင်းမလဲလေ့လာကြည့်ပါ….

နည်းလမ်းများ….
  • ၁…ကွန်ပြူတာတော့လိုပါမယ်….application လေးတခုကိုကွန်ပြူတာကနေ PC suite(eg.moborobo) တခုခုသုံးပြီးသွင်းရမှာပါ….
  • ၂…ဖုန်းကို Factory reset ချတဲ့နည်းပါအဲတာကတော့ဖုန်းမှရှိသမျှဒေတာတွေကုန်ပါမယ်…
  • ၃…နောက်တနည်းကတော့ဘာမှမကုန်ပါဘူး root access လိုပါတယ်…..

  • နည်းလမ်း ၁
ကဲစမယ်နော်ပထမနည်းလေး…..ဒါလေးကတော့ဖုန်းမှာရှိတဲ့ဒေတာတွေမပျက်ပါဘူးးးး..

  • လိုတာလေးတွေ
moborobo software ယူရန်…

Screen lock by pass app ယူရန်…

လိုတာဒေါင်းပြီးသွားရင် စမယ်နော်အရင်ဆုံး moborobo လေးကိုမိမိ ကွန်ပြူတာမှာသွင်းလိုက်ပါ…..

ကဲပြီးပြီလားးးးးပြီးရင် Screen lock by pass ဆိုတာလေးကို my documents>>moborobo>>
downloadcenter>>software>>ANDROID ဖိုင်ထဲသွားထည့်လိုက်ပါ…

ဖုန်းကိုကွန်ပြူတာနဲ့ချိတ်လိုက်ပါ…moborobo ကိုဖွင့်လိုက်ပါ…

ဒီနေရာမှာUSB Debug ON ခဲ့မိဖို့လိုပါတယ်….မ ON ထားခဲ့ရင်ကွန်က ဖုန်းကိုမသိနိုင်ပါဘူး…

ဖုန်းကိုလည်းကွန်ကသိနေပီဆိုရင်တော့ဆက်ပါမယ်…..ဖုန်းကိုသိနေရင်အောက်ကအတိုင်းပေါ်ပါမယ်….


ကဲ apps ဆိုတဲ့ tab လေးကိုသွား Screen lock by pass application လေးကိုကလစ်ပြီး သွင်းပေးလိုက်ပါ….

ဖုန်းကိုပိတ်ပြီးပြန်ဖွင့်လိုက်ပါ…..ပြန်တက်လာရင် pattern ကိုဆွဲချင်တာဆွဲပွင့်သွားတာတွေ့ရမယ်နော်…..

  • နည်းလမ်း ၂
One Cli Rec ဒေါင်းရန်

နောက်တနည်းအဲဒါကတော့ Factory reset ချတဲ့နည်းပါ ရှိသမျှဒေတာအကုန်ပြောင်ပီးဖုန်းကိုဝယ်ခါစအသစ်အတိုင်းဖြစ်အောင်လုပ်ပေးမှာပါ။

သူကဘယ်လိုလဲဆိုတော့ ဖုန်းရဲ့ recovery mode ကနေ၀င်ရောက်ပြီးပြုလုပ်ရမှာပါ။

ဖုန်းတလုံးနဲ့တလုံး recovery mode ၀င်ပုံဝင်နည်းမတူတာကြောင့် One Cli Recovery လေးပေးထားပါတယ်

ဖုန်းကိုကွန်ပြူတာနဲ့ချိတ် ပထမနည်းမှာ ဒေါင်းထားတဲ့ထဲ က One Cli Rec လေးကို run ပြီးrecovery ၀င်ပါ.recovery mode ထဲရောက်ပီအဲမှာ wipe data/factory reset ရွေးပေးလိုက် ပြီးသွားရင် reboot system now လေးရွေးပေးဒါဆိုပြီပါပြီ

recovey mode ထဲတွင် vol ခလုတ်ဖြင့် အပေါ်အောက်ရွေ့ပြီး power သို့ home ခလုတ် ကို enter အဖြစ်သုံးပါသည်။။။။…..

One Cli ဖြင့် Recovery ၀င်မရပါက ဖုန်းအမျိုးအစားအလိုက် Recovery ၀င်နည်းကို ဒီမှာ ကြည့်ပါ….

  • နည်းလမ်း ၃
လိုတာလေးဒေါင်းလိုက်ပါ…
Remove Pattern zip ဒေါင်းရန်

ဒီနည်းကတော့ ဘာဒေတာမှ မပျက်ပါဘူး….

Root access ရှိဖို့နဲ့ Usb Debug ON ခဲ့မိဖို့ပဲလိုပါတယ်……..
အဓိက အရေးကြီးတာ ကဖုန်းမှာ USB DEBUGGING ON ထားမိဖို့ပဲ။

ကိုယ့် pattern lock ကိုမမေ့ခင်အချိန်တုန်းက usb debugging ON ထားခဲ့မိရင် ရပြီ။ဖုန်းကိုကွန်ပြူတာနဲ့
ချိတ်ပါ။

ဖြည်ထားတဲ့ဖိုင်ဆီကိုသွားပါ။remove pattern ဆိုတာလေး run လိုက်ပါ။

press any key to continue လို့ပေါ်လာရင် enter ခေါက်ပေးလိုက်ပါ။

ကဲ pattern ကိုဆွဲချင်သလိုဆွဲပေတော့

Huawei ဖုန်းအားလုံးတွင် Google Application သွင်းနည်း

အခုပြောပြပေးမှာကတော့ Huawei ဖုန်းများတွင် Google Application ထည့်သွင်းနည်းဖြစ်ပါတယ်။ Huawei ဖုန်းများတွင် CWM recovery သွင်းပြီးသွားလျှင် google application ကို ထည့်လို့ရပါပြီ။ CWM recovery ဟာ English version လည်းဖြစ်နိုင်သလို Chinese version လည်းဖြစ်နိုင်ပါတယ်။ အဲဒီ အတွက် ၂ မျိုးလုံးကို ရှင်းပြပေးထားပါတယ်။ ကိုယ့်ဖုန်းရဲ့ Android version ပေါ်လိုက်ပြီး Google Application ကို တင်ရမှာဖြစ်ပါတယ်။



android version 2.3.6 ရဲ့ အောက်ပိုင်းဖြစ်လျှင် ဒီgapps ကို ဒေါင်းပါ။
android version 2.3.6 မှ 4.0.4 အထိ ဒီgapps ကိုဒေါင်းပါ။
android version 4.1.1 အတွက် ဒီgapps ကိုဒေါင်းပါ။



CWM ဟာ Chinese version ဖြစ်လျှင် ဒါလေးနဲ့ ဘာသာပြန်ကြည့်ပါ။
--reboot system now 重启系统
--apply sdcard:update.zip 使用SD卡根目录的update.zip更新系统
--wipe data/factory reset 清空data分区并恢复出厂设置
--wipe cache partition 清空cache分区
--install zip from sdcard 从SDcard选择文件更新系统
--apply sdcard:update.zip 使用SD卡根目录的update.zip 更新系统
--choose zip from sdcard 从SD卡选择zip格式升级包
--toggle signature verification 切换签名验证
--toggle script asserts 切换升级脚本检查 
--backup and restore 备份和恢复
--Backup 备份
--Restore 恢复
--Advanced Restore 高级恢复
--mounts and storage 挂载和存储
--mount /system 挂载/system分区(系统分区)
--mount /data 挂载/data分区(数据分区)
--mount /cache 挂载/cache分区(缓存分区)
--mount /sd-ext 挂载/sd-ext分区(A2SD分区)
--format boot 格式化内核分区
--format system 格式化系统分区
--format data 格式化数据分区
--format cache 格式化缓存分区
--format sdcard 格式化存储卡
--format sd-ext 格式化内存卡SD
--mount USB storage 挂载SD卡为U盘模式
--advanced 高级
--Reboot Recovery 重启Recovery 
--Wipe Dalvik Cache 清空Dalvik缓存
--Wipe Battery Stats 清空电池状态
--Report Error 报告错误
--Key Test 键位测试
--Partition SD Card 对SD卡分区
--Fix Permissions 修复权限
--power off 关机
--touch calibration 触屏校准


(က) ဒေါင်းလို့ ရလာတဲ့ zip ဖိုင်ကို sd card ထဲထည့်ပါ။

(ခ) ဖုန်းကို ပိတ်ပါ။ ပြီးလျှင် volume up + power ကိုနှိပ်ပြီး recovery mode ၀င်ပါ။ အဲဒီနည်း အလုပ်မလုပ်လျှင် ဒီနည်း လမ်းဖြင့် CWM recovery သို့ ၀င်နိုင်ပါတယ်။

(ဂ) Google application မသွင်းခင် အရင်ဆုံး Nandroid Backup ယူထားစေချင်ပါတယ်။ တစ်ခုခုဖြစ်ခဲ့လျှင် firmware တင်စရာမလိုပဲ ပြန်ပြီး restore လုပ်လို့ရအောင်ပါ။

(ဃ) ပြီးလျှင်အပေါ်မှာပြထားတဲ့ ပုံနှစ်ခုကိုနိုင်းယှဉ်ပြီး  install zip from sdcard > choose zip from sdcard > gapps-------------signed.zip ကိုရွေးပြီး update လုပ်ပေးပါ။ ခဏစောင့်ပါ။

(င) main menu သို့ ပြန်သွား၍ reboot system now ကို နှိပ်လိုက်ပါ။ အခုဆိုရင်တော့ google application တွေထည့်လို့ပြီးသွားပါပြီ။    http://koheinlayy.blogspot.com

မြန်မာ Offline Map ပါတဲ့ Android App

ap ပါတဲ့ Android App


Install လုပ်ပြီးရင် အင်တာနက်ဖွင့်ပါ.. ပြီးရင် Location and Security ထဲက GPS ကို အမှန်ခြစ်ပါ.. ပြီးရင် ဒီကောင့်ကို ဖွင့်ပြီးတော့ အောက်နားက မြားအောက်စိုက်ပုံကို ဖွင့်ပါ.. ပြီးရင် Asia ထဲကို ၀င်လိုက်ပါ.. Burma ကိုရွေးပါ.. ဒါဆို မြန်မာတစ်နိုင်ငံလုံးကို ဒေါင်းနေပါပြီ.. ဒေါင်းပြီးရင်တော့ အင်တာနက်ပိတ်ပြီး offline သုံးနိုင်ပါပြီ..



Free Download From 4shared or Hotfiles 

 Google Play မှာလည်း သွားဒေါင်းနိုင်ပါတယ်.. ဒါဆိုရင်တော့ ပိုက်ပိုက် ပေးရမှာhttp://koheinlayy.blogspot.com/

Android Version 4.1.x အထက်တွေမှာ မြန်မာစာရေးရာတွင် စာတွေရှေ့နောက်မကူးစေတဲ့ Pro Myankey V2.0 Beta 5 For Android

Android Version 4.1.x အထက်တွေမှာ မြန်မာစာရေးရာတွေ စာတွေရှေ့နောက်မကူးစေတဲ့ အသစ်ထွက်ရှိလာတဲ့ Pro Myankey V2.0 Beta 5 ကီးဘုတ်လေးပါ
စာရိုက်ရတာ အထူးကောင်းမွန် စာရိုက်မြန်စေတဲ့ ကျနော်အကြိုက်ဆုံးကီးဘုတ်ဖြစ်ပါတယ်

MMUC မှ ကိုThu Rein ရေးထားတဲ့ Pro Myankey ကီးဘုတ်လေးပါ ။
ရိုက်ကွက်ဖွဲစည်းပုံလဲ ကွန်ပြူတာဇော်ဂျီကီးဘုတ် လက်ကွက်တိုင်းပါပဲ

တစ်ဘက်စာမျက်နှာမှာရှိတဲ့ ကိုယ်ရွေးချင်တဲ့စာကိုလဲ တစ်ဘက်သို့လှန်စရာမလိုပဲ ထိုစာလုံးရှိရာတည်နေရာကို လက်ဖြင့်နှစ်ချက်ခေါက်လိုက်ပါက နောက်ဘက်စာမျက်နှာရှိ စာလုံးကို အော်တိုရွေးချယ်ပြီးသားဖြစ်သွားပါမယ် ။ 
စာမျက်နှာလှန်စရာမလိုပဲ တစ်မျက်နှာထဲမှာ လိုရာပုံဖေါ်ရေးနိုင်တဲ့ ကီးဘုတ်အလန်းလေးဖြစ်ပါတယ် ။

( ထိုကီးဘုတ်မှာ Frozen Keyboard Pro ထက် ဘာအားသာလဲဆိုတော့ 
မိတ်ဆွေ Frozen Keyboard Pro ကို အသုံးပြုကာ မြန်မာစာရိုက်ပြီး ရှာဖွေမှူတစ်ခုလုပ်ကြည့်ပါ ။

သဘောက မိတ်ဆွေ Myanmar English Dictionary ဖြစ်တဲ့ Shwe Book Pro ဆော့ဝဲမှာ ( ရေ ) ဆိုပြီး မြန်မာစာရိုက်ပြီး စာရှာကြည့်ပါ ။
ကိုယ်ရှာဖွေလိုတဲ့ စကားလုံးတွေထွက်မလာပါဘူး ကီးဘုတ်ရဲ့စာတွေရှေ့နောက်မကူးအောင် ဖွဲစည်းထားတဲ့ အခြေခံ အားနည်းချက်ကြောင့်ဖြစ်ပါတယ် ။
Pro Myankey နဲ့ ( ရေ ) ဆိုပြီးရိုက်ကြည့်လိုက်ပါ ကိုယ်ရှာဖွေလိုတဲ့ စကားလုံးတွေ ထွက်လာပါလိမ့်မယ် )


" အင်စတော လုပ်နည်း နှင့် အသုံးပြုနည်းကို ဒီမှာလေ့လာပါ "
Pro MyanKey ကို အင်စတောလုပ်ပြီးတဲ့အခါမှာ Open ကို တန်းနှိပ်လိုက်ပါ 
MyanKey Enable လုပ်ရန် ဆိုတဲ့စာကိုရွေးပါ
Pro Myankey အမှန်ခြစ်ပေးပြီး
ဘေးက စက်တင်ဖြစ်တဲ့ စက်ဘီးလုံးပုံလေးထဲကို ဝင်လိုက်ပါ
Type Of Keyboard ဆိုတဲ့ စာနေရာကိုနှိပ်ပြီး Myankey 11 Keys ကို ရွေးချယ်ပေးလိုက်ပါ သင်အဆင်ပြေစွာ ထိုကီးဘုတ်ကို ချိန်းပြီး အသုံးပြုနိုင်ပါပြီ ။

Pro Myankey V2.0 Beta 5 ကီးဘုတ်ကို လိုချင်သူများ Zippyshare လင့်ဖြင့် ဒီမှာဒေါင်းယူနိုင်ပါတယ် ။
Pro Myankey V2.0 Beta 5 ကီးဘုတ်ကို လိုချင်သူများ Dev-Host လင့်ဖြင့် ဒီမှာဒေါင်းယူနိုင်ပါတယ် ။ 
Pro Myankey V2.0 Beta 5 ကီးဘုတ်ကို လိုချင်သူများ Limelinx လင့်ဖြင့် ဒီမှာဒေါင်းယူနိုင်ပါတယ် ။ 

အားလုံးပဲ အဆင်ပြေကြပါစေ.... http://koheinlayy.blogspot.com/

Saturday, August 10, 2013

နံပြား ကို တန်းဖိုးထားပုံခြင်း

အာဖဂန်နစ္စတန် နိုင်ငံ ထဲမှာ အဓိက အစားအစာ ဟာ နံပြား ဖြစ်တယ်ဆို
တာ ကို ဟိုအရင်တွေ က ရေးပြခဲ့ ဖူးပါတယ်။ အထူးသဖြင့် သူတို့ နံပြားဟာ
ဗမာပြည်၊အိန္ဒိယပြည် တို့ က နံပြား နဲ့ အနည်း ငယ်တော့ ကွဲပြားခြားနာပါ
တယ်။ ဒါပေမယ့် အရသာ က တော့ သိပ်မထူမခြား နားပါပဲ။
ဒီတော့ သူ့ ပုံသဏ္ဍန် ကို ပြောပြရယင် တော့ ခပ်ရှည်ရှည်မြောမြော ၂ ပေ
နီးပါး လောက်ရှိမှာပါ။ အကျယ် ကလဲ ၈လက်မ သာသာ ရှိပါတယ်။ ဒီတော့
၂ ခေါက် ခေါက်ထားလို့ ရသလို အရှည်အတိုင်းလဲ ရနိုင်ပါတယ်။ထမင်းစား
ချိန်မှာ တော့ အဲဒီ နံပြားတွေ ကို အသင့်လုပ်ရောင်းချ တဲ့ နံပြားဆိုင် တွေ
ကသာ ၀ယ်ယူစားသောက်ပါတယ်။
နံပြား အရောင် က ဂျုံကို ဖုတ်လိုက်လို့ ရတဲ့ အနီရောင် အသွင်မြင်နေရတာ
ပေါ့။ ဗမာပြည် က နံပြား ရောင်ထက် နဲနဲ တော့ နီမယ်ထင်ပါတယ်။ဒီမှာက
တော့ အိန္ဒိယပြည် မြောက်ပိုင်းသား တွေ စားတဲ့  ( Nan လို့ ခေါ်တဲ့) နံပြား၊
ချာပါတီ လို့ ခေါ်တဲ့ ( ဗမာပြည်လဖက်ရည်ဆိုင် က နံပြား) ၊ အိမ်မှာ လုပ်တဲ့
ဖူလ်ကာ ( နံပြားတမျိုး) နဲ့ တော့ ကွာပါတယ်။ အဲဒီတွေမှာ က အ၀ိုင်းပုံတွေ
ချည်းပဲ လုပ်ကြတာပါ။
ဒီအာဖဂန်မှာ ကတော့ ရှည်ရှည်မြောမြော ဖုတ်ကြပါတယ်။ နံပြား ဖုတ်တဲ့ 
ဖို ကိုတော့ ကုလားလို တန်ဒူရီ ( နံပြားဖို ) လို့ ခေါ်ပါတယ်။ ဒီမှာ လဲ ပဲ အ
သင့်စား နံပြားတွေ ကို အဲဒီ တန်ဒူရီ နဲ့ ပဲ ဖုတ်ပြီးတော့ အချပ်လိုက် ထပ်ပြီး
တော့ ဆိုင်တွေ မှာ ချပြထားပါတယ်။ မနက်စာ၊ နေ့ လည်စာ၊ ညနေစာဟာ
ဖြင့် ယင် အဲဒီ နံပြား ပဲ ရှိပါတယ်။
အဲဒီ နံပြား ကို ဘာနဲ့ စားကြလဲ ဆိုယင်တော့ မနက်စာ စားယင်တော့ ထော
ပတ်လေး သုတ် ပြီးတော့ ရေနွေးကြမ်းတစ်ခွက် နဲ့ စားကြပါတယ်။ နဲနဲ ပိုက်
ဆံ ရှိသူတွေ ကတော့ လဲ အသားဟင်း နဲ့  ပဲဟင်း နဲ့  တို့ စားကောင်း တို့ စား
မှာပေါ့။ သာမန် အလုပ်သမား လူတန်းစား ကတော့ နံပြား ကို ထောပတ်တောင်
မှ မသုတ်စားနိုင်ပဲ ၊ ရေနွေး ကို လဖက်ခြောက်ခတ်၊ သကြားခတ်ပြီးတော့စား
ကြရပါတယ်။
ကဘူးမြို့ ပေါ် က ပလက်ဖောင်းတွေ အတော်များများ မှာ တော့ အဲဒီရေနွေအိုး
ကို သံဖြူ နဲ့လုပ်ထား ပြီးတော့ အောက် က မီးထည့် ၊ အပေါ်က ရည်နွေးတည်
အရှည် ၂ ပေခွဲ ၊သုံးပေ လောက် ရှိမယ့် စည်ပိုင်းလိုမျိုး ကနေ ပြီး ရေနွေးဝယ်
ကြပါတယ်။ ဂျိုင်းကြားမှာ တော့ ခုနက နံပြား ကို ညှပ်လာပါတယ်။ နံပြား က
တော့ 10 AFA ( ၂၀၀ ကျပ်ခန့်) ဆိုယင် ၂ ချပ် ၃ ချပ်ရပါတယ်။
အဲတာ နဲ့ မနက်စာ ကို တနေရာမှာ စားပါတော့တယ်။ တစ်ချပ် ကလဲ မနဲ ကြီး
တာမို့  လို့ လဲ မကုန်ယင် အိတ်လေး နဲ့ ထုပ်ထားလိုက်ပါတယ်။အဲဒီ နံပြား ကို
သေသေချာချာလေး သိမ်းထုပ်ထားလိုက်တယ်။ နေ့ လည်စာ ဆိုတာကလဲ ပဲ
အဲဒီ ခုနက နံပြား ရယ်၊ ပဲဟင်း ဖြစ်စေ၊ အသားနဲ့ ဖြစ်စေ စားကြတာပေါ့။ တခါ
မကုန်ယင် အထုပ်နဲ့ သေသေချာချာထုပ်ပြီး သိမ်းထားကြပါတယ်။
သာမန်အားဖြင့် စားသောက်ဆိုင် တွေ မှာတော့ ထိုင်ခုံ စားပွဲ ခုံ မရှိပါဘူး။ လမ်း
ကို အလယ်က ဖြစ်စေ ထား တဲ့အခါ ဘေး ဘယ်ညာ တဖက်တချက် မှာ ကွပ်
ပစ် ရိုက်ထား ပါတယ်။ အဲဒီ အပေါ်မှာ ဖယောင်း ပုဆိုး သို့ မဟုတ် ကော်ဇော
ခင်း ထားပါတယ်။ အဲဒီ ပေါ်မှာ အလယ်ကောင် ဟိုဖက် ဒီဖက် တင်ပလင်ခွေ
လေး ထိုင် ပြီးတော့ စောင့်ရပါတယ်။
အလယ် ကောင် မှာ တော့ ဖယောင်းပုဆိုး ကို အရှည် လိုက်ခင်းထား တဲ့ အ
တွက် သဘောက တော့ စားစရာ သောက်စရာ ချပေးမယ့် နေရာပေါ့လေ။ အဲ
တာ နဲ့  စားပွဲထိုး က အဲဒီ ဖယောင်း ပုဆိုး ပေါ် ကို နံပြား ကို တစ်ချပ်ချင်း ပစ်
ချသွားပေး ပါတယ်။ ဒီ ဖယောင်း ပုဆိုး ကိုတော့ စားမယ့် သူ မလာခင် ပုခုံး
ပေါ် က တဘက်လေး နဲ့  စားပွဲ ထိုး က သုတ်ပေးပါတယ်။
ဒါပေမယ့် လည်း တခါ တလေ သူ က ပဲ အဲဒီ အပေါ် က နေပြီး တော့ ဖြတ်
သွားတာ မျိုး လဲ ရှိပါသေးတယ်။ ပြီးယင် ဆား တစ်ပန်ကန်၊ ရေနွေး အိုးတွေ
ကို လိုက် ချပေး ပါတယ်။ သကြား ပန်းကန် လဲ ပဲ လိုက်ချပေး ပါတယ်။ ရေနွေး
ကြမ်း ကို ခွက်ထဲ ကိုထည့် ပြီးတော့ သကြား ခတ်လိုက်ပါတယ်။ လဖက်ခြောက်
 ကတော့ အဖတ် မပါဘူးပေါ့။
ပြီးတော့ ကိုယ်မှာ တဲ့ အသား တစ်ခွက်၊ တို့ စရာ တစ်ခွက် ရောက်လာပါတယ်။
စပြီးတော့ နံပြား ကို ဖဲ့  ပြီးတော့ စားကြပါတော့တယ်။ မြို့ လည်ကောင် က ဆိုင်
တွေ မှာ တော့ စားပွဲ လေး ၂ လုံး နဲ့  ထိုင်ခုံတွေ ချထားပေးတာမျိုးရှိပါတယ်။သူ
တို့  တွေ ကတော့ အဲဒီမှာ သိပ်မထိုင် ပဲ ကွပ်ပစ် ပေါ်မှာ ပဲ ထိုင်ကြပါတယ်။သူတို့ 
ထုံး စံ က အဲဒီ နံပြား ကို ပန်းကန်ပြား ထဲ ထည့်စားတဲ့ ပုံ မတွေ့ ရပဲ ကြုံယင် ကြုံ
တဲ့ နေရာ မှာချပြီးတော့ ဖဲ့ စားနေကြတာပါပဲ။
ဒါပေမယ့် ဆိုင်ကြီး ကနားကြီး တွေ အားလုံး ကတော့ အားလုံး စားပွဲ နဲ့ ကုလား
ထိုင် နဲ့  ခန့်ခန့် ငြားငြား တွေ ရှိကြပါတယ်။ အီရန် အစားအစာ၊ တူရကီအစားအ
စာ နဲ့  တရုတ် စားသောက် ဆိုင်တွေ ဆိုယင် တော့လဲ ဈေးကြီး တဲ့အတွက် ပိုက်
ဆံ သူတွေ နဲ့  နိုင်ငံခြားသားတွေ အများစု ပဲ စားနိုင်ကြတာပါ။
သာမန် ဆင်းရဲသား ပြည်သူ ပြည်သားတွေ က တော့ တစ်ရက် ၀င်ငွေ 100 AFA
( 2 US$) အောက်မှာ ရှိနေတာ ဆိုတော့ အင်မတန် ဈေး သက်သာတဲ့ နံပြား နဲ
တင် ဘာမှ မပါပဲ ရေနွေး နဲ့  မျှောနေရသူတွေ က အများစုပါပဲ။ ဒီတိုင်းပြည်မှာ က
စားနပ်ရိက္ခာလုံလောက် အောင် စိုက်ပျိုးထုတ်လုပ် နိုင်ဖို့ လဲ မရှိလေတော့၊အခြေ
ခံ ဂျုံ က အစ တင်သွင်းနေရတာပါ။ ပြည်တွင်း မှာ ဂျုံစိုက်ပျိုးပေမယ့် မလုံလောက်
ပါဘူး။
တကယ်တော့ ဂျုံမှုန့် ဈေး က လဲ အင်မတန် မှ ဈေးသက်သာ သလို ဂျုံကနေလုပ်
တဲ့  နံပြား၇ဲ့ ဈေး က လဲ သက်သာတာ မထူးဆန်းပါဘူး။ ဒါပေမယ့် ဆန် ဈေး က
တော့ တကယ်ပဲ ခေါင် ခိုက်နေပါတယ်။ ဒီတော့ သူတို့ ဟာ ထမင်း ကို စားယင်တောင်
မှ ပင်မ အစာမဟုတ်ပဲ ဒုတိယ တန်းလောက်မှာ ထားပြီးစားတာပါ။ ကျွန်တော်တို့ 
ဆီက အယင် က အလုပ်သမားတွေ ကို နေ့ လည်စာကျွေးပါတယ်။
အဲဒီလို အချိန်ကျယင်တော့ အလုပ်သမားတွေဟာ ချက်လာတဲ့ ဒံပေါက်လို ထမင်း
(အသားပြွမ်း) တဲ့ (ခါဘူရီ) ကို တပန်းကန် အမောက်ကြီး ကုန်အောင်စားသလို ပဲ
နံပြား ကိုလည်း အလွတ်မပေး ပါဘူး။ စားပြီး ယင် ကိုကာကိုလာ တဗူး နဲ့ သစ်သီး
တစ်မျိုး ကလဲ မလွတ်စေရပါဘူး။ ထမင်း ချက်တဲ့ ဆန် ဟာ ပါကစ္စတန် က တင်
သွင်း တဲ့ ဘာစမာတီ( Basmati Rice ) ဖြစ်တာ ကြောင့် သွယ်သွယ် ရှည်ရှည် နဲ့ 
အတော့်  ကို ပဲ မွှေးပါတယ်။ အဲဒီ ဆန် နဲ့ အသား နဲ့ စဗျစ်သီး ခြောက်ထည့်ချက်
ထားတဲ့ ထမင်း ကို အ၀ ကြိတ်ကြပါတယ်။
တကယ် သူတို့ အိမ်မှာ အဲသလို စားဖို့ မဖြစ်နိုင်ဘူးလေ။ နံပြား ကို အားပြု ပြီးတော့
အသက်ဆက်နေရသူတွေ ပေါ့။ ထမင်း ပိုယင် သာ အမှိုက်တောင်းထဲ ဝေါ ခနဲ
သွန် ပစ်တတ်ကြပေမယ့် လည်း နံပြား လက်တ၀ါးလောက် ပိုနေယင် သိမ်းဆည်း
ကြပါပြီ။ အဲဒီ မလွှတ်ပစ် ရက်တဲ့ နံပြား ကို လုံခြုံတဲ့ နေရာမှာ လဲ သိမ်းတတ်ကြ
ပါတယ်။
ဗမာတွေ ထမင်းကြမ်း ကျန်ယင် မလွှင့်ပစ်ရက်ပဲ၊ ထမင်းခြောက်လုပ်သူ၊ ကြော်
စား ကြသလို ပါပဲ။ သူတို့  လဲ အဲဒီ နံပြား အပိုလေး ကို မှိုတက် ပြီးတော့ သာ
ပျက်စီး သွားမယ် သိမ်းဆည်းတတ်ကြပါတယ်။
ကျန်ခဲ့  တဲ့ နှစ်လ က အလုပ်မှာ ညပိုင်းဆင်း နေချိန် အလုပ်သမားထမင်းလာ
ပို့ ချိန် မှာ ကိုယ်ကလဲ ဂိတ်မှာ ရောက်နေခဲ့ တယ်။ ဒါ နဲ့ သူတို့ စားကြမယ့် ထမင်း
နံပြား ၊ ဟင်းအိုး ကို လက်တွန်းလှည်း နဲ့ သယ်ရချိန်မှာ ၄ လက်မ လောက်ရှိမယ့်
နံပြား အပဲ့ လေး ဟာ တွန်းလှည်း ပေါ် ကနေပြီးတော့ အောက် ပြုတ်ကျပါတော့
တယ်။
ကိုယ့် အလုပ်သမားတွေ ကတော့ အဲဒီ နံပြား လှည်း နဲ့ ထွက်သွားပေမယ့် နံပြား
အစ လေး က လမ်းမှာ ကျနေတာ မြင်မကောင်းလို့  ကိုယ် က ကောက်ယူ ပြီး
တော့ ယင် အမှိုက်တောင်းထဲ ကို ထည့်မယ် ဟန်လဲ ပြင်ရော အာဖဂန် ပုလိပ်
သား အတင်း ကို လိုက်တောင်း ပါတယ်။
ကိုယ် ကလဲ မြေကြီး ပေါ် ကျထားတဲ့  အဲဒီ နံပြား က မကောင်းဘူး ဆို ပြီးတော့
လက်ဟန်ခြေဟန် နဲ့  ပြောသော်ငြား လဲ အဲဒီ စစ်သားဟာ လက်ထဲ ကနေပြီး
တောင်း ယူပြီးတော့ ဘာမှ မသုတ်တော့ပဲ ခပ်တည်တည် နဲ့ ပါးစပ်ထဲ ကိုထည့်
ပြီး ကိုက်ဝါးစားလိုက်ပါတော့တယ်။
ဆိုလိုတာ က တော့ သူတို့ နံပြား ကို မပစ်ပါနဲ့  ဘာဖြစ်နေဖြစ်နေစားမယ် ဆို
တဲ့  သူတို့ လူမျိုး ရဲ့  စိတ်နေသဘောထား ပါပဲ။ ကိုယ် က ကိုယ့် ထမင်း မဟုတ်
တော့ လဲ အောက် ကျ လို့  ညစ်ပတ်သွား ပြီ ။ ကိုယ့် လူတွေ လုပ်သွားတဲ့အမှိုက်
လို့ သဘောထား ချိန်မှာတော့ အဲဒီ ရဲသား က သူ့ ထမင်း ဖြစ်တဲ့  မြေပေါ်ပြုတ်
ကျနေတဲ့ အောက် က ကောက်လာတာ မြင်ပေမယ့် အတင်းတောင်းစား ပြစ်တာ
မျိုး ဖြစ်နေပါတယ်။
အဲသလိုမျိုး နံပြား ကို တန်ဖိုးထားကြပုံ ခြင်း ဟာ အင်မတန်မှ ကွဲပြားခြားနားတဲ့ 
သဘော ကို သိလိုက်ရပါတော့တယ်။
နံပြား ဇာတ်လမ်းကို ခဏရပ်ပါဦးမယ်။
စာလာဖတ်ကြတဲ့ မိတ်ဆွေများ အားလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေဗျာ။

ကော်ဖီ နှင့် ကျန်းမာရေး

ကော်ဖီဟာ လူတွေကို ဆိုးကျိုးတွေပေးနိုင်တဲ့ သတင်းတွေ ဖတ်ဖူးကြမှာပါ။ အခုတော့ ကော်ဖီက လူ့စိတ် နဲ့ ခန္ဓာကိုယ်ကို အကျိုးသက်ရောက်စေတယ်ဆိုတဲ့ သတင်းကောင်းတွေ ပေါ်ထွက်လာလို့ ... ဖတ်ရတဲ့ သတင်းလေးတွေကို မျှဝေပေးလိုက်ပါတယ် ...နှလုံးကို ကျန်းမာစေပါသလား
နှလုံးကို ကျန်းမာစေပါသလားကော်ဖီသောက်ခြင်းဟာ နှလုံးကိုထိခိုက်စေနိုင်တယ်ဆိုတဲ့ အယူအဆဟာ မကြာခဏဆိုသလို ပေါ်ထွက်ခဲ့ပါတယ်။ ဥရောပဘက်မှာ အနှစ်၂၀ လောက် ပြုလုပ်ခဲ့တဲ့ သုတေသနတွေအရ ကော်ဖီ ခပ်ပြင်းပြင်းဟာ ကိုလက်စရော level ကို သိသိသာသာ မြင့်တက်စေပါတယ်တဲ့။ ဒီတော့ သုတေသီတွေဟာ ကိုလက်စရော levelကို မြင့်တက်စေတဲ့ cafestol နဲ့ Kahweol လို ဓာတုပစ္စည်းတွေကို ကော်ဖီထဲကနေ သီးသန့်ခွဲထုတ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဥရောပမှာ သုံးတဲ့ ကော်ဖီဖျော်တဲ့ နှပ်တဲ့နည်းတွေအရ ကော်ဖီနှပ်ဲ့အချိန်မှာ Cafestol နဲ့ Kahweal ဓာတ်တွေကော်ဖီထဲကနေ အများအပြား ထွက်လာပါတယ်။ ဒါပေမယ့် ကော်ဖီကို ပြန်ပြီးစစ်လိုက်တဲ့အခါမှာ ဒီအဆီဓာတ်တွေကို အကုန်နီးနီးလောက် ဖယ်ရှားလိုက်နိုင်ပေမယ့် အနည်းအပါးတော့ ကျန်ပါသေးတယ်။ ဒါ့အပြင် နောက်ပိုင်း သုတေသနတွေ အရ ကော်ဖီကို ပုံမှန် (တစ်နေ့ နှစ်ခွက်)ပဲ သောက်သူတွေမှာ သွေးပေါင်ချိန်တိုးလာနိုင်တာမျိုး မရှိတော့ပါဘူး။ ပြီးတော့ ကျန်းမာတဲ့သူတွေ မှာလည်း နှလုံးခုန်မမှန်ခြင်းကို မဖြစ်ပေါ်စေဘူးလို့ တွေ့ရပါတယ်။ ဒီတော့ ကော်ဖီကို အနေတော်လောက်ပဲ သောက်သုံးရင်တော နှလုံးရောဂါဖြစ်ပေါ်စေမှာ မဟုတ်ပါဘူး။ကိုယ်ဝန်ပျက်ကျခြင်းနှင်း ပတ်သက်၍
ကိုယ်ဝန်ပျက်ကျခြင်းနှင်း ပတ်သက်၍ကော်ဖီကို တစ်နေ့ နှစ်ခွက်နှုန်းသောက်တဲ့ ကိုယ်ဝန်သည်တွေမှာ ဒီ့ထက်ကော်ဖီသောက်နည်းတဲ့ ကိုယ်ဝန်သည်တွေမှာထက် ကိုယ်ဝန်ပျက်ကျနိုင်တဲ့နှုန်းဟာ ၃၆ ရာခိုင်နှုန်းပိုများ ပါတယ်လို့ တွေ့ရှိပါတယ်။ ဒါပေမယ့် အမေရိကန် ကလေးသူငယ်ကျန်းမာရေးနဲ့ လူသားဖွံ့ဖြိုးမှုဋ္ဌာနမှ Klebanolfm ကတော့ တစ်နေ့ကို ကော်ဖီ၅ခွက်ကနေ ၆ခွက်သောက်တဲ့ ကိုယ်ဝန်သည်တွေမှသာ ကိုယ်ဝန်ပျက်ကျနိုင်နှုန်း များတာပါလို့ ဆိုပါတယ်။ကင်ဆာရောဂါ ဆက်စပ်မှု
၁၉၈၀ ပြည့်နှစ်အစပိုင်းက ကော်ဖီသောက်ခြင်းကြောင့် ပန်ကရိယကင်ဆာ ဖြစ်စေတယ်ဆိုတဲ့ သတင်းပေါ်ထွက်ဖူးပါတယ်။ ဒါပေမယ့် ဒီသတင်းဟာ သတင်းမှားတစ်ခုပါ။ အကယ်၍များ ကော်ဖီသောက်ခြင်းနဲ့ ဆီးအိမ်ကင်ဆာကြား ဆက်စပ်မှုသာရှိမယ်ဆိုရင် ဒါဟာ ကော်ဖီအလွန်အကျွံ သောက်သူတွေမှာသာ တွေ့ရမှာဖြစ်ပါတယ်။ တစ်နေ့ကို ကော်ဖီ ၁၀ ခွက်နဲ့ အထက်သောက်လေ့ရှိတဲ့ ဥရောပသားမျိုးတွေပေါ့။ ဒါအပြင် ကော်ဖီကြောင့် အူမကြီးကင်ဆာဖြစ်ပွားစေတယ်ဆိုတာ မဟုတ်ပါဘူး။အားပါးတရသောက်သုံးသင့်သလား
ကိုယ်ဝန်ဆောင်သည်တွေ၊ ကိုယ်ဝန်ဆောင်တော့မယ့် အမျိုးသမီးတွေ၊ နို့တိုက်မိခင်တွေအနေနဲ့ ကော်ဖီကို တစ်နေ့နှစ်ခွက်နှုန်းထက် ပိုမသောက်သင့်ပါဘူး။ အဲဒါမှ မဟုတ်ရင် ကလေးပျက် ကျတာမျိုးတို့၊ နို့စို့ကလေးမှာ စိတ်ဂဏာမငြိမ်တာမျိုးတို့ ဖြစ်တတ်ပါတယ်။ အစာမကြေလေအောင့်တဲ့ ရောဂါရှိသူတွေ၊ စိုးရိမ်စိတ်ကြီးသူတွေ၊ ရင်သားမှာအကျိတ်ရှိသူတွေဟာ ကော်ဖီကိုလျော့သောက်သင့်ပါတယ်။ ဒါပေမယ့် လူအများစုအတွက်ကတော့တစ်နေ့ကို နှစ်ခ်ါပုံမှန်သောက်သုံးခြင်းဟာ အနရာယ် မဖြစ်စေပါဘူး။ ကိုယ့်ကျန်းမာရေး အခြေအနေအပေါ် မူတည်ပြီးတော့ ကော်ဖီကို ချင့်ချိန်သောက်သုံးပါ။