Sunday, September 29, 2013

ကြက်သား ပလာတာ

`စိတ်တိုင်းကျ´လိုဆိုင်မျိုးက ကျွန်တော်တို့ အတွက်တော့ လက်ဘက်ရည်ဆိုင် `လုပ်´ထိုင်လို့ မကောင်းပါဘူး။ အဲဒီတုန်းက ကျွန်တော်တို့ လက်ဘက်ရည်ဆိုင် ထိုင်တယ်ဆိုတာက ကောင်မလေးတွေ ဖြတ်သွား ဖြတ်လာများတဲ့ လမ်းမကြီးပေါ်မှာ ခုံပုလေးတွေနဲ့ လေး၊ငါး၊ ခြောက်ယောက် ၀ိုင်းထိုင်ပြီး မကောင်းတတ်လို့ လက်ဘက်ရည် ၂ ခွက်လောက်မှာ၊ အလကားရတဲ့ ရေနွေးကြမ်းကို တစ်အိုးပြီး တစ်အိုးမှာ သောက်ပြီး ကသိုဏ်း ရှုကြတာပါ။ `စိတ်တိုင်းကျ´မှာဆိုရင် ထိုင်ခုံတွေ စားပွဲက အပုလေးတွေလည်း မဟုတ်ဘူး၊ ပြီးတော့ စားပွဲတွေက အထဲမှာ ဆိုတော့ အပေအတေ ဖြစ်ကတတ်ဆန်းနဲ့ နေနေကျ ကျွန်တော်တို့ကတော့ ဒီလိုဆိုင်မျိုးဆို လက်ဘက်ရည်ဆိုင်လို့တောင် စိတ်ထဲမှာ သိပ်မသတ်မှတ်ချင်လှဘူး။ ဒါပေမယ့် နေ့လည်နေ့ခင်း မုန့်ကောင်းကောင်း စားချင်လို့ ဆိုရင်တော့ နီးနီးနားနား လမ်းကြုံရင် သွားစားပါတယ်။ အဲဒီမှာ စားဖြစ်ပြီး ကြိုက်တာကတော့ ကြက်သား ပလာတာပါ။

စင်္ကာပူမှာက ကြက်သားက ဈေးလည်းပေါ၊ အသားကလည်း နူးနူးညံ့ညံ့၊ Ready-Made ပလာတာလည်း ၀ယ်လို့ရတော့ ကြက်သား ပလာတာ လုပ်စားဖြစ်ပါတယ်။ Wet Market သွားပြီး ကြက်တစ်ကောင်ဝယ်၊ ဆိုင်မှာပဲ မကြီး မသေး တုံးခိုင်းလိုက်တယ်။ ဈေးမသွားခင်တော့ (မြန်မာပြည်က သယ်လာတဲ့) ကုလားပဲကို ရေစိမ်ခဲ့တယ်။ အိမ်ပြန်ရောက်တော့ ကြက်ကို အသေအချာ ရေဆေးပြီး၊ ဆား၊ဆနွင်းနဲ့ အသားမဆလာ နည်းနည်းလူး၊ ဒိန်ချဉ်နည်းနည်းပါ ထည့်နယ်ပြီး Marinateလုပ် (နှပ်)ထားလိုက်တယ်။ အာလူးကို ကြီးကြီး တုံးပြီး ကြော်ထားလိုက်ပါတယ်။ ဟင်းထဲ ထည့်ချက်ဖို့ပါ။ အာလူးက ဒီအတိုင်း ထည့်ချက်ရင် ကြေသွားပြီး ဆီတွေပါ စုပ်သွားတတ်တော့ ကြော်ပြီးမှပဲ ထည့်တော့တယ်။ ကြက်သွန်နီများများကို လှီးထားပြီး ကြော်ထားတယ်။ ကုလားပဲကို ပြုတ်ထားတယ်။

ဟင်းချက်ဖို့ ကြက်သွန်ဖြူ၊ ဂျင်းကို ငရုပ်သီးမှုန့်နဲ့ နာနာ ဆီသတ်တယ်။ ဆီမသတ်ခင် ဆီပူကို ဆီသတ်ရွက် (ပျဉ်းတော်သိမ်) အရွက်နည်းနည်းရယ်၊ သစ်ကြမ်းပိုးခေါက် (Cinnamon) တစ်ချောင်း နှစ်ချောင်းလောက်ရယ်နဲ့ မွှေးအောင် အရင်လုပ်လည်းရတယ်။ မလုပ်လည်းရတယ်။ ပြီးမှ နှပ်ထားတဲ့ ကြက်သားတွေ ထည့်လိုက်တယ်။ သူ့မှာရှိတဲ့ ရေနဲ့ပဲ လုံးထားလိုက်တယ်။ ပြီး နူးလောက်တဲ့ အထိ ရေနည်းနည်း ချိန်ထည့်ပါတယ်။ ကြက်သားတွေ အနေတော် ဖြစ်မှ အာလူးထည့်လိုက်တယ်။ ဆီပြန် ရေကျန် ဖြစ်ခါနီးကျတော့မှ ကြော်ထားတဲ့ ကြက်သွန်ကြော်တွေ ထည့်လိုက်တယ်။ ဟင်းမွှေး မဆလာထည့်တယ်။ ကြက်သွန်ကြော်နဲ့ မဆလာ ထည့်လိုက်ပြီးတဲ့ အချိန်မှာတော့ ဟင်းအိုးဟာ အရောင်တက်လာပြီး အနှစ်များများ ရနံ့မွှေးမွှေးနဲ့ စားချင်စဖွယ် ဖြစ်လာလိမ့်မယ်။ အလှူဂရိတ် (Grade) ချက်ချင်ရင်တော့ ဘိန်းစေ့နဲ့ နို့စိမ်းထည့်လည်း ရပါတယ်။ စိမ့်စိမ့်လေးပေါ့။

ပြုတ်ထားတဲ့ ပဲတွေကို ချေတယ်။ Blender နဲ့ ထည့်မွှေလည်း ရတယ်။ ကြက်သွန်ဖြူနဲ့ ဂျင်းကို နီကြွတ်နေအောင် ဆီနည်းနည်းနဲ့ သတ်ပြီး ပဲတွေထည့်မွှေ၊ ခဏနေရင် ရေနွေးထည့်ပြီး အရည်သောက် ပဲဟင်း အချို ချက်ထားတယ်။ ပျဉ်းတော်သိမ်ရွက်လေး အုပ်ရင်လည်း ကောင်းတယ်။ ကြက်သွန်နီရယ်၊ သခွားသီးရယ်၊ ပူစီနန်ရယ်၊ ငရုပ်သီးစိမ်းရယ်ကို အချဉ်လုပ်ဖို့ ခွာနွှင်လှီးချွတ် ရေဆေးတယ်။ စားခါနီးကျမှ ဆားနည်းနည်းထည့်၊ သံပုရာသီး ညှစ်ပြီး အချဉ်လုပ်တယ်။ ပလာတာတွေကို ကြော်ပြီး နည်းနည်း အေးရင် ရိုက်ထား၊ ဖွထားလိုက်တယ်။ ဒီလိုဆိုရင်တော့ ကြက်သား ပလာတာ ကောင်းကောင်း စားလို့ ရပါပြီ။

အိမ်မှာ ကြက်သား ပလာတာ ချက်စားတာ အလုပ်ရှုပ်မှု Medium အဆင့်မှာ ရှိတော့ ဧည့်သည်တွေ ဘာတွေ ဖိတ်ကျွေးမှပဲ ချက်စားဖြစ်ပါတယ်။ ရန်ကုန်မှာလည်း အိမ်တက်တာ ဘာတို့မှာ ကြက်သား ပလာတာ ကျွေးကြပါတယ်။ မှတ်မှတ်ရရ အဘိုး ရက်လည်းတုန်းက မုန့်ဟင်းခါး မကျွေးဘဲ ကြက်သား ပလာတာ ကျွေးပါတယ်။ ဂျုံပေါပြီး ကောင်းတဲ့ မန္တလေးက လူတွေကို ဖိတ်ကျွေးတော့ သူတို့ဆီမှာ ကြက်သား ပလာတာမျိုးဟာ အပြင်မှာပဲ စားတာ ဖြစ်ပြီး ဒီလို အိမ်မှာ ချက်စား၊ အလှူပေးလေ့ မရှိပါဘူးတဲ့။ အင်းထဲက လူတွေက ကောက်ညှင်းပေါင်းနဲ့ အကြော်ကို အလှူမှာ ကျွေးတယ်ဆိုတော့ ဒီလိုဆိုတာ မဆန်းပါဘူး။

Sunday, September 22, 2013

အီကြာကွေး


အီကြာကွေး

” အီကြာကွေး – ဂျုံစပ်နည်း ( ပထမနည်း ) “
1. All purpose flour – 7 oz ( 200 gram )
2. Baking powder – 2 1/2 tsp
3. Oil – 3 tsp
4. Water – 100 ml ( 2/3 cup )
5. Salt – 1/8 tsp
ကြွေဇလုံထဲကို ဂျုံမှုန့် ထည့် …
baking powder ထည့် ..
ဆားထည့် …
ဆီထည့် … ပီးမှ
ရေ ထည့်ပါ ..
မွှေစက်ဖြင့် .. ပထမ .. အနှေးနှုန်း … ၅ မိနစ် .. မွှေပါ ..
 မွှေတံမှာ ကပ်နေတဲ့ ဂျုံတွေကို ခွါချ ..
အမြန်နှုန်း ၂ မိနစ် ဂျုံ နှယ်ထားပါ။
” အီကြာကွေး – ဂျုံစပ်နည်း ( ဒုတိယနည်း ) “
All purpose flour – 2 1/4 Cups
Water – 1 Cup
Oil – 2 tablespoons ( 2 tbs ) ထမင်းစားဇွန်း – ၂ ဇွန်း
Salt – 1 teaspoon ( 1 tsp ) လက်ဘက်ရည်ဇွန်း – ၁ ဇွန်း
Sugar – 2 tablespoon ( 2 tbs ) ထမင်းစားဇွန်း – ၂ ဇွန်း
Baking Powder – 2 teaspoons ( 2 tsp ) လက်ဘက်ရည်ဇွန်း – ၂ ဇွန်း
Yeast – 1 teaspoon ( 1 tsp ) လက်ဘက်ရည်ဇွန်း – ၁ ဇွန်း
ဆီ၊ သကြား၊ baking powder ၊ Yeast ကို ပန်းကန်လုံးထဲ ထည့်ပီး ရေ တခွက်နှင့် ဖျော်ပါ .
(ဂျုံမှုန့် နှင့် ဆား) ထည့်ထားသော ဇလုံထဲသို့ ဖျော်ထားသော အရည်ကို ဖြည်းညင်းစွာ .. နည်းနည်း ချင်းစီ ထည့်ပီး နှယ်သွားပါ …


Yeast အပါ ဂျုံဖြင့် ကြော်ထားသော အီကြာကွေး


ဂျုံများကို နှယ်ပီးတဲ့ အခါမှာ ….
ကြွေဇလုံ အပေါ်ကနေ ရေတစက်မှ မရှိအောင် ညစ်ထားတဲ့ အ၀တ်စို နဲ့အုပ်ပေးထားပါ။
နွေးထွေးသော နေရာမှာ ၂ နာရီလောက် ထားပါ။
 ( ၂ နာရီလောက် ကြာမှ ) …
ဂျုံတွေကို …
ပထမ .. လက်သီး ဆုပ် နဲ့ .. ဘေး ပတ်ပတ်လည်လည်ကို ဖိ .. ဖိ ပေးလိုက်ပါ ..
ပီးရင် .. ပြန့်သွားတဲ့ ဂျုံကို အနားစ ပတ်ပတ်လည် ပြန်စု ..
လက်သီးဆုပ် နှင့် ပတ်ပတ်လည် .. ဖိ လိုက် …
ဂျုံတွေကို ပြန် စု ပေးလိုက် ..
နှယ်ပေးထားလိုက်ရင် …
မိနစ် အနည်းငယ် အကြာမှာ …
ဂျုံသား ညက်လာပါလိမ့်မည် …
ဂျုံလိမ့်မယ့် အောက်ခံ အခင်းကို .. ဆီလေး နည်းနည်းလောက် သုပ် …
ဂျုံကို လက် ၂ ဖက် နဲ့ လိမ့် .. လိမ့်ပေး လိုက်ရင် .. ဂျုံ .. က ရှည်ထွက် လာလိမ့်မည် …
လက်ချောင်းလေးတွေ နဲ့ ဖိ .. ဖိ ပေးလိုက်ရင် .. ဂျုံ ပြားသွားမယ် …
ဓါးနဲ့ လက် တဆစ်စာ ဖြတ်ပေးပါ …
ဖြတ်စ ၂ ခု ကို ထပ်လိုက် …
တူ နဲ့ အလယ်ကနေ ဖိ ချ လိုက်ပါ …
အီကြာကွေး တိုတို လိုချင်လို့ .. အလယ်ကနေ တ၀က် .. ၀က်ပါ။
 မီးဖိုပေါ်မှာ .. နံပါတ် ၄ နဲ့ ဆီနှစ်ပီး ကြော်လိုက်ပါ ..
ဆီပူ ထဲ ထည့်တဲ့ အခါမှာ …. ထပ်ထားတဲ့ ဂျုံ ကို ဆွဲ .. ဆန့်လိုက်ရင် .. အီကြာကွေး ကြော်မယ့် ဂျုံ ချောင်း … ရှည်လာမယ် ..
ဆီပူထဲမှာ တူ ဖြင့် အီကြာကွေးကို လိမ့် … လိမ့်ပီး မီးမြေးမြေးဖြင့် ဆီနှစ် ကြော်သွားပါ။
ဆီပူထဲမှာ တူဖြင့် အီကြာကွေးကို လိမ့် .. လိမ့်ပီး ကြော်မှ အီကြာကွေးက ပွ သထက် ပွလာပါလိမ့်မယ်။

Monkey Coffee

ထမင်း ဆိုင်လေးများ ၊ လ္ဘပ်ရည်ဆိုင်လေးများ အနေဖြင့် Monkey Coffee တွင် အိပ်ခွံ့ ဖြင့် အကျီ င်္လဲရန် Register ပြုလုပ်ထားခြင်း ရှိပါက အကျီ င်္ လဲလှယ် ထားသည့် အရေ အတွက် အပေါ်မူတည်၍ ကော်ဖီ ခွက်လေးများအား ဆိုင်အသုံးပြုရန် အတွက် လက်ဆောင် ရယူနိုင်ပါသည်။
Photo: ထမင်း ဆိုင်လေးများ ၊ လ္ဘပ်ရည်ဆိုင်လေးများ အနေဖြင့် Monkey Coffee တွင် အိပ်ခွံ့ ဖြင့် အကျီ င်္လဲရန် Register ပြုလုပ်ထားခြင်း ရှိပါက အကျီ င်္ လဲလှယ် ထားသည့် အရေ အတွက် အပေါ်မူတည်၍ ကော်ဖီ ခွက်လေးများအား ဆိုင်အသုံးပြုရန် အတွက် လက်ဆောင် ရယူနိုင်ပါသည်။

လက်ဖက်ရည်(၃)ခွက် ပုံမှန်သောက်သုံးပါက လေဖြတ်ခံရခြင်းလျော့ပါးစေနိုင်

လက်ဖက်ရည်(၃)ခွက် ပုံမှန်သောက်သုံးပါက လေဖြတ်ခံရခြင်းလျော့ပါးစေနိုင်



တစ်နေ့လျင်လက်ဖက်ရည်(၃)ခွက် သောက်သုံးပါကအသက်အရွယ်မျိုးစုံတွင် လေဖြတ်ခံရမည့် အခြေအနေကို သိသိသာသာ လျော့ပါးစေကြောင်း သိရသည်။
လက်ဖက်ရည် (၃)ခွက်စီ နေ့စဉ်သောက်လျင် ဦးနှောက်အတွင်း သွေးခဲမှုကို (၂၁)ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း အမေရိကန် နှလုံးရောဂါ ကုသရေးဗဟိုမှ ဆရာဝန်များက ပြောကြားခဲ့သည်။ ၎င်းတို့သည် တရုတ်၊ ဂျပန်၊ ဖင်လန်၊ ဟော်လန်၊
ဩစတြေးလျနှင့် အမေရိကန်မှ သုတေသီများ လေ့လာတွေ့ရှိခဲ့သည့် အချက်များစွာကို စီစစ်စဉ်းစားပြီး ယခုကဲ့သို့ ကြေငြာခဲ့ခြင်းဖြစ်သည်။ ထို့အပြင် လက်ဖက်ရည်အတွင်း ပါဝင်နေသည့် Catechinsနှင့် Theaninsဓာတ်နှစ်မျိုးသည် သွေးကြောများကို ကျယ်ပြန့်သွားစေပြီး သွေးစီးဆင်းမှုကို ပိုမိုလျင်မြန်စေသောကြောင့် နှလုံးသွေးကြောများ ပိတ်ဆို့မှုနှင့် လေဖြတ်ခံရမည့် အနေအထားများကို ကာကွယ်ပေးနိုင်မည်ဟု အမေရိကန် ဆရာဝန်များက ကောက်ချက်ချခဲ့သည်။

လက်ဖက်ရည်ဆိုင်ရာ အကြံပေးဆေးအဖွဲ့မှ တာဝန်ရှိသူ ဒေါက်တာကက်သရင်းဟွတ်က ယခုရရှိခဲ့သည့် နောက်ဆုံးသုတေသန ရလဒ်သည် လက်ဖက်ရည် နှစ်သက်သူများအတွက် အလွန်ကျေနပ် နှစ်သိမ့်စေမည့် တွေ့ရှိချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ နိုင်ငံအများအပြားမှ စမ်းသပ်မှုတိုင်းတွင် ကွဲလွဲချက် အနည်းငယ်စီ ရှိနေသော်လည်း လက်ဖက်ရည်၏ အာနိသင်သည် သွေးကြောများကျယ်ပြန့်မှုကိုအထောက်အကူ ပြုနိုင်ကြောင်း ကောက်ချက်များမှာ ဆင်တူနေကြောင်း ကက်သရင်းကဆိုသည်။

အသက်အရွယ်မျိုးစုံတွင် ဖြစ်ပွားစေနိုင်သည့် လေဖြတ်မှုအတွက် လက်ဖက်ရည်သည် အကောင်းဆုံး သဘာဝ ဆေးတစ်လက်ဖြစ်ကြောင်း နိုင်ငံတကာမှ ပညာရှင်အသီးသီးက ယုံကြည်ထားသည်ဟု ကက်သရင်းက ရှင်းပြသွားသည်။

လက်ဖက်ရည်(၃)ခွက် နေ့စဉ်ပုံမှန် သောက်သုံးသည့် အမျိုးသမီးများတွင် ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ လျော့ကျလာနိုင်ကြောင်း သို့သော်လည်း လက်ဖက်ရည်အတွင်း ကဖိန်းဓာတ်ပါဝင်သည့် အခြေအနေများတွင် သွေးတိုးမှုကို ပိုမိုမြင့်တက်လာစေကြောင်း သတိပေးထားသည်။

Saturday, September 21, 2013

မြန်မာ လက်ဖက်ရည် ကောင်းကောင်း ဖျော်သောက်မယ်

မြန်မာ လက်ဖက်ရည် ကောင်းကောင်း ဖျော်သောက်မယ်

ဒီတစ်ပတ်တော့ ပြည်ပရောက် မြန်မာ မိတ်ဆွေ တွေအတွက် မြန်မာပြည် အလွမ်းပြေ မြန်မာ လက်ဖက်ရည် ချိုချို ကျကျ ဖျော်နည်းလေး ကြားဖြတ်ပြီး လက်ဆောင်ပေး ချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင် နေ့ တိုင်း ဖျော်သောက်နေကြပါ။ ကျွန်တော့် မိတ်ဆွေများလဲဗမာ လက်ဖက်ရည် ကောင်းကောင်း ကိုယ်တိုင် ဖျော်သောက်နိုင်အောင်ပါ။
မြန်မာ လက်ဖက်ရည် ကိုယ်တိုင် ဖျော်သောက်ဖို့  အတွက် လိုတာတွေ ကတော့ အရေးအကြီး ဆုံးက လက်ဖက်ခြောက်ပါ။ ပြည်ကရောက် မြန်မာတစ်ယောက် အတွက် မြန်မာ လက်ဖက်ခြောက် အချို ပြည်ပမှာ ဝယ်ရဖို့  ဆိုတာ သိပ်မလွယ်ပါ။ ဒါပေမယ့် အားမငယ် ပါနဲ့ ။မြန်မာ လက်ဖက် အချိုခြောက် ရှိမှ မြန်မာ လက်ဖက်ရည် ဖျော်သောက်လို့  ရတာ မဟုတ်ပါဘူး။ ပြည်ပမှာ အလွယ်တကူ ဝယ်လို့ ရတဲ့ Lipton လက်ဖက်ခြောက်နဲ့ လဲ ဖျော်သောက်လို့  ရပါတယ်။ ဒါပေမယ့် ရိုးရိုး Lipton မဟုတ်ပါဘူး။ English Breakfast Tea လို့  ခေါ်တဲ့ လက်ဖက်ခြောက် အမည်း (Black Tea) ကို ရှာဝယ်ရပါမယ်။ Super Market ကြီးတွေမှာ ဝယ်လို့ ရတတ်ပါတယ်။ ကောင်းကောင်း သောက်ချင်ရင်တော့ Twining English Breakfast Tea (သို့ ) Dilmah English Breakfast Tea (သို့ ) Dilmah Ceylon Origin ကို ရှာဝယ်သင့်ပါတယ်။ အထုပ်သေးလေး ၂၅ ထုပ်ပါတဲ့ တစ်ဘူးကို Thai Baht 140 – 200 လောက် ပေးရပါမယ်။ US$ သို့  Singapore dollar နဲ့ တော့ ကိုယ့်ဖာသာ တွက်ကြည့် ကြပါတော့။
twining english breakfast tea
twining english breakfast tea
နောက်တစ်ခုလိုတာ ကတော့ နို့ ဆီနဲ့  နို့ စိမ်းပါ။ ဒါကတော့ ရှာရ မခက်ပါဘူး။ နောက်ထက်လိုတာကတော့ လက်ဖက်ရည် နှပ်ဖို့  ရေနွေးကရားပါ။ ၂ ခွက် ၃ ခွက် ဖျော်စာ အနေတော်ဆို ရပါပြီ။ ကျွန်တော်ကတော့ လျှပ်စစ်နဲ့  တည်တဲ့ ရေနွေးကရားလေး ဝယ်ထားပါတယ်။ ဂက်စ် မီးဖိုနဲ့  သုံးမယ်ဆိုရင်တော့ ရိုးရိုး စတီးရေနွေးကရားလဲ ရပါတယ်။
နောက်ဆုံး လိုတာကတော့ လက်ဖက်ရည် သောက်ဖို့  ခွက်ပါ။ မြန်မာ ပြည်က ဆိုင်တွေမှာ သောက်တဲ့ ခွက်အသေး အရွယ်ဆို လက်ဖက်ခြောက် တစ်ထုပ်စာ အနေတော်ပါပဲ။ ဒီ့ထက် ကြီးရင် လက်ဖက်ရည်က သောက်လို့  မကောင်းတော့ပါဘူး။ ပေါ့သွားလို့ ပါ။
ကဲ၊ စဖျော်ကြရအောင်။ ပထမဆုံး လက်ဖက်ရည်ခွက်နဲ့  ရေကို ချင်ထဲ့ ရပါမယ်။ တစ်ခွက်အပြည့်နီးပါး ဆို တစ်ယောက်စာပါ။ ဒါမှ ကြိုပြီး ရင် သုံးပုံ နှစ်ပုံလောက် ကျန်ပါလိမ့်မယ်။
ကိုယ်လိုသလောက် ခွက်ချိန် ချိန်ပြီးရင် ရေနွေးကို ဆူအောင် အရင်ကြိုပါ။ ရေနွေးဆူပြီဆို လက်ဖက်ခြောက်ကို အထုပ်လိုက် တစ်ယောက် (တစ်ခွက်) တစ်ထုပ်နှုန်း ထည့်လိုက်ပါ။ ဖောက်မထဲ့ပဲ အထုပ်လိုက် ထည့်လဲ ရပါတယ်။ အထုပ်လိုက် ထည့်တော့ နောက်ဆေးရကြောရတာ သက်သာတာပေါ့။ ကျွန်တော်ကတော့ ဆေးရမှာ ပျင်းလို့  အထုပ်လိုက်ပဲ ထည့်တယ်။
ကောင်းပြီ။ လက်ဖက်ချောက် ထည့်ပြီးပြီ ဆိုရင် ဆူအောင် ထပ်တည်ပါ။ တည်တဲ့ ရေနွေးအိုးက လျှက်စစ်နဲ့  တည်တဲ့ အိုးဆိုရင် ခလုပ်ကလေး နှိပ်လိုက်ရုံပါ။ ဆူရင်သူ့ ဖာသာ ဖြတ်လိုက်ပါလိမ့်မယ်။ ဒါဆို လက်ဖက်ရည် နှပ်လို့ ရပြီ။
လက်ဖက်ရည်နှပ်ချိန်က ကိုယ့်အကြိုက်ပေါ် မူတည်ပြီး ၁၅ မိနစ်ကနေ မိနစ် ၃၀၊ လက်ဖက်ရည် ဖန်ဖန် ကျကျ သောက်ချင်ရင် တစ်နာရီ လောက်ထိ နှပ်နိုင်ပါတယ်။ ဒီလိုနှပ်ထားချိန်မှာ လက်ဖက်ရည် မအေးသွားအောင် ၃ ခါကနေ ၅ ခါ မထိ ဆူအောင် ပြန်တည်ပေးပါ။ ဒီ့ထက် ပိုများများ ဆူအောင် တည်ရင် ရေခမ်းသွားပါလိမ့်မယ်။
နောက်ဆုံး တစ်ခေါက် ဆူအောင် တည်ပြီးရင် လက်ဖက်ရည် ဖျော်လို့  ရပါပြီ။ အရင် နို့ ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်း ခွက်ထဲ အရင် ထည့်ပါ။ ချိုချို သောက်ချင်ရင်တော့ ၁ ဇွန်းခွဲ ဒါမှမဟုတ် နှစ်ဇွန်းပေါ့။ ပြီးရင် ခုနက ဆူပြီးတဲ့ ကျရေကို ခွက်ထဲ လောင်းထည့်လိုက်ပါ။ ပွက်ပွက်ဆူ နေတုန်း မလောင်းထည့်ပါနဲ့ ။ အပူလောင်မှာ စိုးလို့ ပါ။ ဒါဆို လက်ဖက်ရည် ခွက်နဲ့  ၃ ပုံ ၂ ပုံ လောက် ရပါပြီ။ ဒီအထဲကိုမှ နို့ စိမ်း ကိုယ် ကြိုက်သလောက် ထည့်၊ ဒါဆို မြန်မာ လက်ဖက်ရည် ချိုချို ကျကျ ပြစ်ပြစ် ရပြါ

Sunday, August 11, 2013

G510-0010,Y300,C8813 Easy Root Tool Kit


ဒီ Tool လေးကတော့ G510,Y300,C8813 တို့ကို ၃မိနစ်အတွင်း Root လုပ်နိုင်မှာပါ…
လိုအပ်ချက်ကတော့ Bootloader Unlock အနေအထားမှာဖြစ်နေရပါမယ်…..
USB Debugging နဲ့ Unknown Sources ကိုအမှန်ခြစ်ထားရပါမယ်…….
ဒီ Tool ရဲ့အားသာချက်ကတော့ မိမိဖုန်းဟာ တစ်ခါထဲ Root Access ရသွားမယ်….
တရုတ်ဖောင့်တွေကိုမပြတ်ပဲမြန်မာစာကိုအသုံးပြုနိုင်မယ်.
Frozen KeyBoard ကို System App တစ်ခုလိုအသုံးပြုရပါမယ်…
ဒါလေးကိုအရင်ဒေါင်းလိုက်ပါ..
Download Here
ပြီးသွားရင်တော့ဖုန်းကိုပါဝါပိတ်လိုက်ပါ..
Battery ဖြုတ်လိုက်ပါ..
ပြန်တက်ပြီး Volume Down + Power ကိုဖိနှိပ်ထားပါ….
Logo မှာရပ်သွားပါလိမ့်မယ်..
Screenshot - 3_14_2013 , 3_39_40 PM
ပြီးသွားရင်တော့ Unlock မလုပ်ကသေးတဲ့သူက Unlock ကိုနှိပ်ပြီး Code ၁၆လုံးရိုက်လိုက်ပါ….
Unlock လုပ်ပြီးသားလူကတော့ Ready To Root ကိုနှိပ်ပြီး
ဖုန်းနဲ့ကြိုးထိုးလိုက်ပါ….
Enter တစ်ချက်ခေါက်လိုက်ပါ…..
သူဟာသူအလုပ်တွေလုပ်နေပါလိမ့်မယ်….
ဖုန်းဟာ Recovery Mode ကိုပြန်တက်သွားလိမ့်မယ်…..
Enter တစ်ချက်ခေါက်လိုက်ပါ…
Reboot ချသွားမယ်…ပြန်တက်လာရင်ကြည့်လိုက်ပါ…
ညွန်းထားတဲ့အတိုင်းတွေရပါလိမ့်မယ်….
အဆင်ပြေပါစေ..

Android ဖုန်းမှ မေ့နေတဲ့ Pattern လော့ခ်ဖြုတ်နည်း



Android ဖုန်းတွေအသုံးပြုရင်း Pattern lock ချပြီးမေ့တတ်ကြပါတယ်..ကိုယ်ဟာကိုယ် pattern ပေးပြီးကိုယ့်
ဟာကိုယ်မေ့ပါတယ်….ကျွန်တော်လဲပါပါတယ်……
အခုအဲ့ကိစ္စလေးအဆင်ပြေအောင်လုပ်တဲ့နည်းလေးတွေပြပေးပါမယ်……

အခုနှစ်နည်းသုံးနည်းလောက်ပြောပြပေးပါမယ်။တခုရှိတာကအဲလို့ Pattern lock မေ့သွားပြီဆိုရင် တခါနှစ်ခါလောက်ကြိုးစားကြည့်ပါမရရင်ထပ်မဆွဲပါနဲ့တော့အခြေအနေပိုဆိုးပြီး FactoryResetပါချရတတ်ပါတယ်…..

အရင်ဆုံးဘယ်နည်းနဲ့လုပ်ရင်ကောင်းမလဲလေ့လာကြည့်ပါ….

နည်းလမ်းများ….
  • ၁…ကွန်ပြူတာတော့လိုပါမယ်….application လေးတခုကိုကွန်ပြူတာကနေ PC suite(eg.moborobo) တခုခုသုံးပြီးသွင်းရမှာပါ….
  • ၂…ဖုန်းကို Factory reset ချတဲ့နည်းပါအဲတာကတော့ဖုန်းမှရှိသမျှဒေတာတွေကုန်ပါမယ်…
  • ၃…နောက်တနည်းကတော့ဘာမှမကုန်ပါဘူး root access လိုပါတယ်…..

  • နည်းလမ်း ၁
ကဲစမယ်နော်ပထမနည်းလေး…..ဒါလေးကတော့ဖုန်းမှာရှိတဲ့ဒေတာတွေမပျက်ပါဘူးးးး..

  • လိုတာလေးတွေ
moborobo software ယူရန်…

Screen lock by pass app ယူရန်…

လိုတာဒေါင်းပြီးသွားရင် စမယ်နော်အရင်ဆုံး moborobo လေးကိုမိမိ ကွန်ပြူတာမှာသွင်းလိုက်ပါ…..

ကဲပြီးပြီလားးးးးပြီးရင် Screen lock by pass ဆိုတာလေးကို my documents>>moborobo>>
downloadcenter>>software>>ANDROID ဖိုင်ထဲသွားထည့်လိုက်ပါ…

ဖုန်းကိုကွန်ပြူတာနဲ့ချိတ်လိုက်ပါ…moborobo ကိုဖွင့်လိုက်ပါ…

ဒီနေရာမှာUSB Debug ON ခဲ့မိဖို့လိုပါတယ်….မ ON ထားခဲ့ရင်ကွန်က ဖုန်းကိုမသိနိုင်ပါဘူး…

ဖုန်းကိုလည်းကွန်ကသိနေပီဆိုရင်တော့ဆက်ပါမယ်…..ဖုန်းကိုသိနေရင်အောက်ကအတိုင်းပေါ်ပါမယ်….


ကဲ apps ဆိုတဲ့ tab လေးကိုသွား Screen lock by pass application လေးကိုကလစ်ပြီး သွင်းပေးလိုက်ပါ….

ဖုန်းကိုပိတ်ပြီးပြန်ဖွင့်လိုက်ပါ…..ပြန်တက်လာရင် pattern ကိုဆွဲချင်တာဆွဲပွင့်သွားတာတွေ့ရမယ်နော်…..

  • နည်းလမ်း ၂
One Cli Rec ဒေါင်းရန်

နောက်တနည်းအဲဒါကတော့ Factory reset ချတဲ့နည်းပါ ရှိသမျှဒေတာအကုန်ပြောင်ပီးဖုန်းကိုဝယ်ခါစအသစ်အတိုင်းဖြစ်အောင်လုပ်ပေးမှာပါ။

သူကဘယ်လိုလဲဆိုတော့ ဖုန်းရဲ့ recovery mode ကနေ၀င်ရောက်ပြီးပြုလုပ်ရမှာပါ။

ဖုန်းတလုံးနဲ့တလုံး recovery mode ၀င်ပုံဝင်နည်းမတူတာကြောင့် One Cli Recovery လေးပေးထားပါတယ်

ဖုန်းကိုကွန်ပြူတာနဲ့ချိတ် ပထမနည်းမှာ ဒေါင်းထားတဲ့ထဲ က One Cli Rec လေးကို run ပြီးrecovery ၀င်ပါ.recovery mode ထဲရောက်ပီအဲမှာ wipe data/factory reset ရွေးပေးလိုက် ပြီးသွားရင် reboot system now လေးရွေးပေးဒါဆိုပြီပါပြီ

recovey mode ထဲတွင် vol ခလုတ်ဖြင့် အပေါ်အောက်ရွေ့ပြီး power သို့ home ခလုတ် ကို enter အဖြစ်သုံးပါသည်။။။။…..

One Cli ဖြင့် Recovery ၀င်မရပါက ဖုန်းအမျိုးအစားအလိုက် Recovery ၀င်နည်းကို ဒီမှာ ကြည့်ပါ….

  • နည်းလမ်း ၃
လိုတာလေးဒေါင်းလိုက်ပါ…
Remove Pattern zip ဒေါင်းရန်

ဒီနည်းကတော့ ဘာဒေတာမှ မပျက်ပါဘူး….

Root access ရှိဖို့နဲ့ Usb Debug ON ခဲ့မိဖို့ပဲလိုပါတယ်……..
အဓိက အရေးကြီးတာ ကဖုန်းမှာ USB DEBUGGING ON ထားမိဖို့ပဲ။

ကိုယ့် pattern lock ကိုမမေ့ခင်အချိန်တုန်းက usb debugging ON ထားခဲ့မိရင် ရပြီ။ဖုန်းကိုကွန်ပြူတာနဲ့
ချိတ်ပါ။

ဖြည်ထားတဲ့ဖိုင်ဆီကိုသွားပါ။remove pattern ဆိုတာလေး run လိုက်ပါ။

press any key to continue လို့ပေါ်လာရင် enter ခေါက်ပေးလိုက်ပါ။

ကဲ pattern ကိုဆွဲချင်သလိုဆွဲပေတော့